ကျွန်တော်က ရခိုင်တိုင်းရင်းသားတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်ငယ်ငယ်တုန်းကတည်းက
ကြားဖူးတဲ့ စကားပုံလေးတစ်ခုရှိပါတယ်။ အဲဒီစကားပုံလေးကတော့ ညောင်ပင်ကြီးအောက်မှာ
ညောင်ပင်ငယ်မပေါက် ရတဲ့ ခင်ဗျ။ ကျွန်တော်ငယ်ငယ်တုန်းကတော့ သိပ်သဘောမပေါက်ခဲ့ပါဘူး။
ဒါပေမယ့် ၁၀ တန်းအောင်လို ့ကျွန်တော် အလုပ်ခွင်ထဲကိုစရောက်တော့ အဲဒီစကားပုံရဲ ့
အတိမ်အနက်ကိုတဖြည်းဖြည်းသဘောပေါက်လာခဲ့ပါတယ်။ စီးပွားရေးလောကမှာကျတော့လည်း
ညောင်ပင်ကြီးအောက်မှာညောင်ပင်ငယ်မပေါက်ရ ဆိုတဲ့ တစ်ဖက်သတ် အစွန်းရောက်လွန်းတဲ့
စိတ်ဓါတ်တွေနဲ ့အောင်မြင်သူတွေကလည်းအောင်မြင်နေကြလေတော့ ဒီစကားပုံလေးကို ပဲ
လက်စွဲကိုင်ထားရမလိုပါပဲ။ ညောင်ပင်ဆိုတာဟာ အရိပ်အာဝါသ ကြီးမားပြီးတော့ သစ်တပင်ကောင်းရင်
ငှက် တစ်သောင်းဆိုသလို ငှက်များစွာတို ့အရိပ်ခိုစရာပင်မဟုတ်ပါလား။ လူတွေလည်းဒီအတိုင်းပါပဲ
အရိပ်အာဝါသ ကောင်းတဲ့ အပင်အောက်မှာ အရိပ်ခိုကြရတာပါပဲလေ။
Cisco ( CCNA )ကိုလေ့လာမယ့်သူများအတွက် Cisco Network Academy ကထုတ်ထားတဲ့ CCNA Exploration လေးဖြစ်ပါတယ်။
Webbased Teaching System ဖြစ်တဲ့အတွက် Flash player ကို installation လုပ်ထားဖို ့တော့လိုပါမယ်။
password ကတော့ www.rakhinethar.com ဖြစ်ပါတယ်။
အောက်မှာ Download လုပ်နိုင်ပါတယ်ခင်ဗျာ။
U သမားတွေတော်တော်များများက Windows နဲ ့Ubuntu ကိုDual OS (Dual boot) သုံးကြတာများပါတယ်။
ဒီလိုနဲ ့ကျွန်တော်တို ့ပထမ Winodows တင်ထားတဲ့စက်မှာ Ubuntu ကိုရောတင်ပြီး Dual boot သုံးလိုက်လို ့
ရှိရင် Ubuntu က first boot အနေနဲ ့တက်လာပါလိမ့်မယ်။ Computer boot စတက်လာလာလို ့
OS ရွေးခိုင်းတဲ့နေရာBoot loader ကို ရာက်ရင် Selection Hightlight လေးနဲ ့Ubuntu ကို
Auto ရွေးထားမှာပါ။ဆိုလိုတာကတော့ Ubuntu နဲ ့ပဲ Boot တက်မယ်ပေါ့။ ဒါကို ပြောင်းချင်ရင်တော့
အောက်ဆုံးမှာပါတဲ့ Windows loader ကို down arrow ဖြင့်ပြန်ရွေးပေးရပါတယ်။
Boot loader တက်လာတိုင်းအဲဒီလိုရွေးပေးနေရပါလိမ့်မယ်။ စက်ပြန်တက်လာတိုင်း
boot တက်လာတိုင်းမှာ First boot ကို windows ဖြင့်သာ တက်လိုရင်တော့ အလွယ်ကူဆုံးပြင်ကြည့်ကြရအောင်။
အောက်ပါ Command ကို Terminal မှာရိုက်ထည့်လိုက်ပါ။
sudo apt-get install startupmanager
( Start Up Manager ကို install လုပ်လိုက်တာပါ။ internet ချိတ်ထားရပါမယ်။) install လုပ်ပြီးပြီဆိုရင်တော့
Window key ကိုနှိတ်ပြီး Startup Manager ကိုDesh မှာရှာပြီးဖွင့်လိုက်ပါ။ root password တောင်းပါလိမ့်မယ်။
ရိုက်ထည့်ပေးလိုက်ပါ။ ဒါဆိုရင်အောက်ကပုံလေးအတိုင်း loading တက်လာပါလိမ့်မယ်။
U အတွက်ပိုစ့်တွေမရေးဖြစ်တာလည်းကြာနေပါပြီ။ ကြာတယ်ဆိုကျနော်လည်း အလုပ်မအားလို ့ပဲပြော ရမှာပဲခင်ဗျ။
ဒီတစ်ခါတော့ EtherApe ဆိုတဲ့ U application တစ်ခုအကြောင်းပါ။ ဒီ EtherApe ကဘာလုပ်တာလဲဆိုတော့
Network Monitoring လုပ်တဲ့ Application တစ်ခုပါ။ ကိုယ့် Network ရဲ ့Traffic ကို Graphically ဖြင့်ဖော်ပြပေးပါတယ်။
ကိုယ့် စက်က သုံးနေ/ ကြည့်နေတဲ့ Website တွေက ဘယ် Protocol ဆိုတာကအစသိနိုင်ပါတယ်။ ပြီးတော့
ကိုယ့် Network အတွင်းမှာရှိတဲ့ Node တွေကိုလည်းစစ်ဆေးနိုင်ပါတယ်။ ယူသုံးနေတဲ့ Web IP တွေကကော
IPv4 လား IPv6 လားသိနိုင်ပါတယ်။ ဘယ် IP ဘယ်Location web တွေအတွက်ကတော့ Bandwidth များများ
ယူသုံးနေတယ်ဆိုတာတွေကိုလည်း Graphic Colour System ဖြင့်ဖော်ပြပေးပါတယ်။
Install လုပ်ဖို ့အတွက်တော့ Ubuntu Software Center ထဲမှာ EtherApe ဆိုပြီးရိုက်ထည့်လိုက် ပြီးရင် Install လုပ်လိုက်ရုံပါပဲ။

( Dell Rack Server )
ကျွန်တော်တို ့Networking သမားတွေအတွက် Server ဆိုတာအမြဲတမ်းကြားနေကြရပေမယ့် Rack Server ကိုတော့
သုံးတဲ့သူနည်းပါးပါတယ်။ ( ကျွန်တော်တို ့နိုင်ငံအတွင်းမှာပါ ) ။ တကယ့် Company အ ကြီးကြီးတွေ Enterprise Level တွေ
မှာတော့ Rack Server တွေဟာတကယ့်ကို Performance ကောင်းကောင်းနှင့် စနစ်တကျအသုံးပြုနိုင်တဲ့ သတ်ရပ်တဲ့
ဒီဇိုင်းနဲ ့24 နာရီ 7 ရက်ပတ်လုံး non stop running လုပ်နိုင်ရန်အတွက် အထူးထုတ်လုပ် ထားတဲ့ Server များဖြစ်နေလို ့ပါ။
Rack Server များကို Rack ( Rack Server ထည့်/ထား နိုင်သည့်သီးသန် ့ပြုလုပ်ထားသောစင် ) များပေါ်တွင် install
လုပ်ဆောင်နိုင်ရန် တည်ဆောက်ထားပါတယ်။ Rack Server များကို rack-mounted server များလို ့လည်းခေါ်ကြပါတယ်။
1.Wireless Network ဆိုတာဘာလဲ ?
Wireless Network ဆိုတာ Radio Signal တွေဖြင့်ဆက်သွယ်ချိတ်ဆက်ထားပြီး အဓိကအားဖြင့်
Wire Network ဖြင့်ချိတ်ဆက်ရန်အခက်အခဲရှိသောနေရာများနှင့် Network အားကြိုးတွေဖြင့် ရှုပ်ရှက်ခတ်မနေစေပဲ
လွယ်ကူအဆင်ပြေစွာအသုံးပြုနိုင်ရန်အတွက် အဓိကထားအသုံးပြုသည့် Network တစ်ခုဖြစ်ပါတယ်။
Wireless Transmitter မှ Radio Signal ဖြင့်ထုတ်လွှတ်ပြီး Wireless receiver မှ ၄င်း Signal များကို
ပြန်လည်ဖမ်းယူပြီး Data များကိုအပြန်အလှန်အသုံးပြုခြင်းဖြစ်ပါတယ်။
2. IEEE 802 Standards များ
ဒီတစ်ခါတော့ IP တွေလွယ်လွယ်ကူကူပေးနိုင်တဲ့ Simple IP Config လေးပါ။ ip ပေးဖို ့အတွက်
ncpa.cpl ထဲကိုဝင်ပြင်လည်းရသလို Local Area Network Connection ထဲမှာ Properties တွေနဲ ့
သွားရတာအာရုံတွေနောက်နေသူတွေအတွက် ဒါလေးကပိုအဆင်ပြေပါလိမ့်မယ်။ လက်ရှိအိုင်ပီကိုလည်းကြည့်လို ့ရသလို။
ကိုယ်တိုင်အသစ်ထားချင်တယ်ဆိုလည်းဖြစ်ပါတယ်။
ဒီ TDP x-Ray Lite ကတော့ သင့် Harddisk ကို Xray View နှင့်ကြည့်တာဖြစ်ပါတယ်။
Partation တစ်ပိုင်းအလိုက် သိုလှောင်ထားတဲ့ Data တွေကို Size ဘယ်လောက်ယူထားတယ်သိနိုင်သလို။
R clip ဖြင့်ဖျက်လိုက်လို ့လည်းရသလို Explore ဖြင့် Storage Location တွေကိုတိုက်ရိုက်ဝင်ကြည့်လို ့ရပါတယ်။
” လေဆန်ငှက် “
ပျံသန်းလာတဲ့ခရီး
တော်တော်ရောက်လုနေပြီလား?
အတောင်တွေညောင်းလာတာမို ့
သတိပြုမိလိုက်တယ်။
သက်ပြင်းရှည်တစ်ချက် ချလိုက်ရင်း……
ထင့် ခနဲစိတ်ထဲမှာ တချက်နာကျင်သွားတယ်
ထင်ထားသလောက် ခရီးမပေါက်ပါလား။
… .. .. ဘယ်ခရီးပေါက်မတုန်း
ငါနှင်နေတဲ့ခရီးက ” လေဆန်တဲ့ခရီး ” ဖြစ်နေတုန်းမို ့
အားမာန်သစ်တွေ မွေးဖွားရင်း။ .. ..
မာန်ဟုတ်ပြင်းပြင်း ခရီးဆက်နှင်။ … .. ..
Windows 7 မှာ Microsoft မှ Window Sensor နှင့် တည်နေရာကို သိနိုင်မယ့် နည်းပညာကိုစတင်
မိတ်ဆက်ထားပါတယ်။ သီအိုရီအရ လက်ရှိကွန်ပျူတာရှိနေတဲ့ ပတ်ဝန်းကျင်ကို သင့်ကွန်ပျူတာမှာ
GPS chip တပ်မထားပေမယ့်သိနိုင်မှာပါ။ Geosense ဆိုတဲ့ ဒီ Sensor လေးကို on ( Apply ) လုပ်
ပေးထားရင်ပေါ့။
ဒီ Geosense က sensor ကို on ထားတဲ့ Computer ရဲ ့တည်နေရာကို ဘယ်လိုသိနိုင်တာလဲ ?
IP loockup , WiFi triangulation နှင့် Cell tower triangulation တွေဖြင့် သင့် IP တွေကိုစစ်ပြီး
တော့ တည်နေရာ Location ကိုသိနိုင်မှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ Google Location Services (WiFi) နှင့် Google Location Services (IP)
တို ့ကိုသာ support လုပ်နိုင်ပါသေးတယ်။
ဒါဆိုစမ်းကြည့်ရအောင်













